သဲကုန်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီအချိန်က သဲကုန်းမြို့မဈေးအတွင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးစေရန်နှင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက မြို့မဈေးအတွင်းရှိ စျေးဆိုင်ခန်းများတွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ စျေးဆိုင်ခန်းများတွင်အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား ကောင်းမွန်မှုရှိ/မရှိ ဈေးအတွင်းမီးသုံးစွဲသည့် စားသောက်ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများအတွင်းရှိ မီးသတ်ဆေးဗူးများကောင်းမွန်မှု ရှိ/မရှိ၊ မီးလောင်လွယ်သောအရောင်းပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ၊ လက်တွေ့မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)