ပေါင်းတည်၌ အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးထားရှိမှုဖြစ်ထွန်းအောင်မြင်

ပေါင်းတည် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများသို့ အောင်နိုင်တိုးစပါးမျိုးများဖြန့်ဝေ စိုက်ပျိုးထားလျက်ရှိကြသည်။

အဆိုပါ စပါးမျိုးသည် လယ်ယာထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌စေနိုင်၍ စိုက်ပျိုးသူတောင်သူများလည်း အကျိုးစီးပွားဖြစ်ထွန်းနိုင်စေမည့် အထွက်ကောင်းမျိုးကောင်း မျိုးသန့် ရက် ၉၀ သက်လျင် စပါးမျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး ထိုစပါးမျိုးကို ယခုနွေစပါးစိုက်ပျိုးမှုတွင် တောင်သူအများစု ထည့်သွင်းစိုက်ပျိုးလာကြကြောင်း သိရသည်။

ထိုစပါးမျိုးများ စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး‌ ဦးအောင်မျိုးမင်းနှင့် စိုက်ကြပ်တာဝန်ခံ ဝန်ထမ်းများသည် ဗျက်ကြီးကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကြည့်ရှုခဲ့ကြရာ ဗျက်ကြီးကျေးရွာ‌၊ တောင်သူဦးမျိုးအောင်၏ နွေစပါးစံပြစိုက်ပျိုးခင်းနှင့် ကျေးရွာအုပ်စုအတွင်းရှိ‌ တောင်သူများ၏စိုက်ပျိုးမြေများတွင် Drum Seeder (အစေ့ချကိရိယာ) နှင့် ကောက်စိုက်စက်များဖြင့်စိုက်ပျိုးပြီးစီးခဲ့‌သော အောင်နိုင်တိုး‌ နွေစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြကြောင်း သိရသည်။

ရွှေသား (IPRD)