ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဝေါ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊​ ဝေါမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက်ပိုင်း (၁၁) နာရီအချိန်က အေးချမ်းသာယာရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်း လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ ရာအိမ်မှူးနှင့် ပူးပေါင်းအဖွဲ့များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေးအလေးထား ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများချက်ပြုတ်ပြီးပါက စနစ်တကျငြှိမ်းသက်ထားရှိရန်၊ ဖယောင်းတိုင်မီးများ၊ အမွေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျအသုံးပြုရန်နှင့် မီးဘးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီသတင်း‌ပေးပို့ကြရန် စသည်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြား၍ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)