ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံတွင် နှစ်စဉ်လူကုန်ကူးမှုခံနေရသည့်အတွက်ကြောင့် လူကုန်ကူးမှု မဖြစ်ပေါ်စေရေးနှင့် ကလေး၊လူငယ်/ရွယ်များ၊ လူလတ်ပိုင်းများ၊ သက်ကြီးပိုင်းများအား လူကုန်ကူးမှုမှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူကုန်ကူးမှုဆိုသည်မှာ စသည့် အကြောင်းအရာများ၊ လူကုန်ကူးမခံရအောင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူကုန်းကူသူများကိုလည်း ဥပဒေကချမှတ်မည့် ပြစ်ဒဏ်များ စသည့် အကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)