အောင်မြေသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာ ရှင်းလင်းပွဲ ပြုလုပ်

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၅

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၃၁) ရှိ ဒေါ်ဖီဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဇော်လင်းဦး၊ အဖွဲ့ဝင် (၃) ဦးသိန်းလွင် (မြို့နယ်လဝကဦးစီးမှူး)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်လင်းသူ၊ အမှတ် (၄) နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် သောင်းညွန့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရာက်ကြသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်လင်းသူက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအကြောင်းကိုလည်းကောင်း၊ ရဲအုပ်သောင်းညွန့်က လက်တလောရဲစခန်းများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင်များဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြရာ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည် မေးမြန်းချက်များကို တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)