အောင်မြေသာစံ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းကို ဆက်လက်သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ၂၅ ရက်မှ ၂၆ ရက်အထိ (၂)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်ဦး၊ ကုသရေးဦးစီးဌာနမှ (၁၄) ဦး၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း (၁၅) ဦးတက်ရာက်ခဲ့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)