မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး

မြစ်သား ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသွားမည်ဖြစ်ရာ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စာစစ်ဌာနများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ဒုတိယမြို့နယ်ညာရေးမှူး ဦးဇော်နိုင်မင်း၊ လက်ထောက်ပညာရေးမှူး ဦးခိုင်စိုးသန်းနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက မီးဘေးလုံခြုံရေးအတွက်ကာ ကွယ်ပြင်ဆင်ထားပုံများ၊ စာစစ်ဌာနများ၌ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အရန်သင့်ထားရှိမှု များ၊ မီးသတ်ရေကန်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြပ်မတ်ပြီး မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် စာစစ်ဌာနများက လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ အားအကြံပြုလမ်းညွှန်မှာကြားခဲ့သည်။ မြစ်သားမြို့နယ်တွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန (၄)ခုရှိပြီးကျန်ရှိသည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများက ဆက်လက်စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)