ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ဖြစ်ပွားတတ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေအတွက်၊ ရပ်ကွက် အသီးသီးရှိ အရေးပေါ် မီးသတ်ရေ လှောင်ကန်များအား စစ်ဆေးခြင်းနှင့် ရေဖြည့်တင်းခြင်းများကို ယနေ့နံနက် (၉) နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့် ဦးဆောင်၍ အဖွဲ့ဝင်များနှင့်အတူ လှည့်လည်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက် အသီးသီးရှိ မီးသတ်ရေလှောင်ကန်များတွင် ရေလုံလောက်မှု ရှိ/ မရှိ နှင့် အရေးပေါ်မီးသတ်ရေငုတ်များ အလွယ်တကူ ရေရယူသုံးစွဲနိုင်ခြင်း ရှိ/ မရှိတို့ကို လှည့်လည်စစ်ဆေးကြပြီး၊ ရေလုံလောက်မှုမရှိသည့် မီးသတ်ရေကန်များတွင် ရေဖြည့်တင်းခြင်းနှင့် အမိုးအကာများ အလွယ်တကူ ဖွင့်ပိတ်နိုင်စေရန်တို့ကို သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)