ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး ဇော်ဂျီ၊ ကင်းတား ဆည်ရေသောက်စနစ်ဖြင့် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသသည့် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများတွင် နွေနှမ်းသီးနှံ(၂၉၀၀၀)ဧက လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် ဇော်ဂျီဆည်မှ မင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် (၈၄၇)ဧက၊ သင်းတွဲ စိုက်ပျိုးရေပေးမြောင်းဖြင့် (၁၇၆၆)ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းဖြင့် (၁၉၅၇)ဧက၊ ဇီးတောစိုက်ပျိုးရေမြောင်းဖြင့် (၁၂၁)ဧက၊ နွားတက်စိုက်ပျိုးရေပေးမြောင်းဖြင့် (၉၉၅၂)ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်းဖြင့် (၂၅၂၀)ဧက၊ အထက်လင်းဇင်း စိုက်ပျိုးရေပေးမြောင်းဖြင့် (၆၅၀)ဧက၊ ကင်းတားဆည်မှ သင်းဒီးစိုက်ပျိုးရေမြောင်းဖြင့် (၄၆၅၉)ဧက၊ ထုံးကြီးစိုက်ပျိုးရေပေးမြောင်းဖြင့် (၂၁၈၀)ဧက၊ စမာစိုက်ပျိုးရေပေးမြောင်းဖြင့် (၄၃၀၈)ဧက၊ သစ်တက္ကုန်းဆည်မှ သစ်တက္ကုန်းစိုက်ပျိုး ရေပေးမြောင်းဖြင့် (၄၀)ဧက စုစုပေါင်း(၂၉၀၀၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် မိရိုးဖလာပက်ကျဲစနစ်၊ သိပ္ပံနည်းကျထွန်ကြောင်းဆွဲ တန်းချစနစ်၊ ဘောင်ကြီးတင်စနစ် စသည့်စနစ်များကို အသုံးပြုကာ စိုက်ပျိုးလျက်ရှိကြောင်းနှင့် နွေးနှမ်းစိုက်တောင်သူများမှလည်း အထွက်နှုန်းကောင်မွန်ပြီး ဒေသနှင့်ကိုညီသည့် ဆင်းရတနာ(၄) နှမ်းမျိုးများ အများဆုံးစိုက်ပျိုးကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်ရေး မြေပြုပြင်ချိန်မှ စတင်ကာ အပင်ပြုစုပျိုးထောင်သားခွဲ ပေါင်းနုတ်ရှင်းလင်း သွင်းအားစုထည့်၊ ရိတ်သိမ်းချိန်အထိ ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင် (ပြန်/ဆက်)