ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအကြောင်း တွေ့ဆုံရှင်းလင်း

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၅

မန္တလေလးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာများကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန်အတွက်၊ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ပြည်သူများနှင့်တွေ့ဆုံရှင်းလင်းလျက်ရှိရာ၊ ဖေဖော်ဝါရီ (၂၄) ရက်နေ့ မွန်းလွဲ (၂) နာရီက စံပြရပ်ကွက် ဗောဓိဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးနောင်ထွန်းနီ။ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းဇော်ဦးနှင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကျော်ဇင်ထွေးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်များ အကြောင်းကို ရှင်းလင်းဆွေးနွေးကြပြီး၊ တက်ရောက်လာသည့် အိမ်ထောင်ဦးစီးဝင်များ၏ မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ မြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းနှင့် ရာအိမ်မှူးဆယ်အိမ်မှူးများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)