လပွတ္တာ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမျိုးမြင့်က နေရပ်စွန့်ခွာပြည်သူများအား အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်ဖုန်းဟန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူ (၂၂၈) ဦးအား တစ်ဦးလျှင် ဆန် (၂) ပြည်နှုန်းဖြင့် စုစုပေါင်း ဆန် (၁၉) အိတ်၊ ယာယီနေရပ်စွန့်ခွာပြည်သူ (၃၄၉) ဦးအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၉၈၀၀၀၀) ကျပ်အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)