နတ်မောက် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့စတင်၍ ကျောင်းသား/သူများအား နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပညာရေးကို အမြဲမပျက်ဆည်းပူးလေ့လာမှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေမည့် နွေရာသီသင်တန်းများအား အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေရာသီကျောင်းပိတ်ရက်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေမည့် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်းကို မတ်လ (၃) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ရာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူ (၁၁၅) ဦး စာရင်းပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း