ဖြူး ဖေဖော်ဝါရီ ၂၁
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသေးစားကာဗွန်ထုတ်လုပ်မှု လျှော့ချရေးစွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးပေးခြင်း အစီအစဥ်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိူ့နယ်၌ အသေးစားကာဗွန်ထုတ်လုပ်မှုလျှော့ချရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ကာ ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကအားဖြင့် လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
စွမ်းအားမြှင့်မီးဖို ဖြန့်ဝေခြင်း စီမံကိန်းအရ ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်နှင့် ဝန်ထမ်းများက ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ ကျေးရွာပေါင်း(၆၀)မှ အိမ်ထောင်စုများအတွက် စွမ်းအားမြှင့်မီးဖို (၃၃၉၀) လုံးကို အိမ်ထောင်တစ်စုလျှင် (၁) လုံးစီ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)