ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းမြေပဲများ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး မကြာမှီကာလတွင် စတင်ရိတ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများက ဧရာဝတီမြစ်ဝှမ်းမြေနုကျွန်းများ၌ ဆီထွက်သီးနှံဆောင်းမြေပဲများကို အများဆုံး စိုက်ပျိုးဆောင်ရွက်ကြောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဆီထွက်သီးနှံဆောင်းမြေပဲကို ၁၄၁၃၇၁ ဧက၊ မိုးနှောင်းကာလနှင့် ဆောင်းနှမ်း ၃၈၀၆၈ ဧက၊ ဆောင်းနေကြာ ၁၂၁၆၂၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း၊ စိုက်ပျိုးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး မကြာမှီကာလတွင် ဆီထွက်သီးနှံဆောင်းမြေပဲများ စတင်ရိတ်သိမ်းဆောင်ရွက်ရတော့မှာဖြစ်သလို ထွက်ရှိလာမည့် မြေပဲများအား ဒေသခံတောင်သူများအနေဖြင့် စားသုံးဆီဖူးလုံရေးအတွက် ကြိတ်ခွဲ၍ ပဲဆီကြိတ်သိုလောင်ထားရှိစားသုံးကြပြီး ပိုလျှံမြေပဲများကို မိသားစုဝင်ငွေရှိရေးအတွက် ရောင်းချကြောင်း ဒေသခံတောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။
စိုးလင်းနိ(IPRD)