အောင်လံ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကျောက်ကပ်ဝေဒနာရှင်များအတွက် ရည်ရွယ်၍ ကျောက်ကပ်သန့်စင်စက် (၁) လုံး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အောင်လံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စေတနာရှင်မျှဝေလှူဒါန်းရေးအဖွဲ့ (ရန်ကုန်)နှင့် အလှူရှင်များကိုယ်စား ဦးခိုင်စိုးမှ ကျောက်ကပ်သန့်စင်စက်လှူဒါန်းရခြင်းအကြောင်း အကျယ်တဝံ့ ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ စေတနာရှင်မျှဝေ လှူဒါန်းရေးအဖွဲ့က ကျောက်ကပ်သန့်စင်စက် (၁) လုံးနှင့် ဝေဒနာရှင်များအတွက် လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ အောင်လံမြို့၊ အလှူရှင်များကိုယ်စား ကော်မတီအဖွဲ့ဝင် ဥက္ကဋ္ဌနှင့် အဖွဲ့က ကျောက်ကပ်သန့်စင်စက်နှင့် အလှူငွေပေးအပ်ခဲ့ပြီး၊ အောင်လံမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ကျောက်ကပ်သန့်စင်စက်ဌာနသို့ သွားရောက်ကြည့်ရှုကာ ဆေးရုံတွင်းရှိ လူနာများအား ဌာနဆိုင်ရာများနှင့် အလှူရှင်များက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)