ငဖဲ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စာ(၉၄၉)ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း (ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက အလှည့်ကျသတ်မှတ်နေ့အလိုက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းတွင် မြို့ပြပင်စင် (၄၆၉)ဦး၊ ကာကွယ်ရေးပင်စင်(၃၈၆ )ဦး၊ နိုင်ငံရေးပင်စင် (၈၉) ဦး၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင်(၄)ဦး၊ ဗဟိုဘဏ်ပင်စင်(၁)ဦး စုစုပေါင်း (၉၄၉)ဦးရှိရာ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ဖေဖော်ဝါရီ လ ၂၁ ရက်နေ့နံနက် ၈ နာရီမှစတင်၍ မွန်းလွဲ ၂ နာရီအထိ ပင်စင်လစာများနေ့စဉ် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် ပင်စင်စားဝန်ထမ်းများအနေဖြင့် ရုံးဖွင့်ရက်တိုင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
မယု(ငဖဲ)