ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းနှစ်ဆုံးစာမေးပွဲ ဖြေဆိုလျက်ရှိ

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းနှစ်ဆုံး စာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မူလတန်းအဆင့် (၃၅၆၂) ဦး၊ အလယ်တန်းအဆင့် (၉၆၀) ဦး၊ အထက်တန်းအဆင့် (၈၀၀) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၃၂၂) ဦး ဖြေဆိုခဲ့ကြကြောင်း၊ စာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်မှ (၂၇) ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများအား မတ်လ (၃) ရက်နေ့တွင် စတင်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းတွင်းနှစ်ဆုံး စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နီဝင်းနှင့် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများနှင့် ဆရာ၊ ဆရာများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)