နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။          

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ကျောင်းသား/သူများအဖြင့် ကျောင်းစာအပြင် ဗဟုသုတဖြစ်စေမည့် စာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ ပညာသင်ယူချိန်တွင် ကျောင်းစာနှင့်အတူ ဘဝတိုးတက်ရေးစာပေများ လေ့လာစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား/သူများ စာပေဗဟုသုတရရှိစေရန်အတွက် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လှဝင်း