အထက်မင်းလှ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်တော်ပြင်ကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တစ်နှင့်တစ်ပင် ပင်ကြားတန်းကြား(၂)ပေခန့်အကွာ စိုက်ပျိုးထားကြောင်း၊ နှစ်ပတ်တစ်ကြိမ်ရေပေးရပြီး ဓာတ်မြေဩဇာကျွေးရကြောင်း၊ ခရမ်းချဉ်ပင်စိုက်ပျိုးပြီး(၂)လအကြာတွင်ရောင်းချရကြောင်း၊ တစ်ရက်ခြားခူးစွတ်ရပြီး တစ်ကြိမ်ခူးစွတ်လျှင် (၁၂၀)ပိဿာရရှိပြီး တစ်ပိဿာလျှင်(၁,၀၀ဝိ/)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ပန်းတော်ပြင်ကျေးရွာမှ ခရမ်းချဉ်စိုက်ပျိုးသူ ဦးမောင်စိုးထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)