ချောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ မြို့မဈေး မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ချောက်မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဌေးက မြို့မစျေးကြီးတည်ရှိပုံ၊ ရေကန်၊ ရေလိုင်းများ အရေးပေါ်အသုံးပြုနိုင်ရေးထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းက စျေးဧရိယာအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးငြှိမ်းသတ်ယာဉ် ဝင်ထွက်သွားလာနိုင်ရေး၊ မီးသတ်ရေကန်မှ ရေဖြင့် မီးငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရေနံမီးသတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)