ချောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ချောက် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အ.မ.ကမြေနီကုန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဦးနိုင်ထက်မိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်​ဖြင့် ဟောပြောခဲ့ပြီး ရုပ်သံကျွမ်းကျင်(၃) ဒေါ်အိအိမြတ်နှင့် လုပ်သားရုပ်သံ ဒေါ်အေးအေးမူတို့က ကျောင်းသား/သူများအား ပုံ​ပြင်ပြော​ပြ​​ခြင်း၊ နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များအကြောင်း ပြောပြခြင်း၊ စကားပုံအမေး၊ အဖြေပြုလုပ်ခြင်းများ​ ဆောင်ရွက်ခဲ့​ကြ​ပြီး ကျောင်းသား/သူ​လေးများအား မေတ္တာလက်ဆောင် ဗလာစာအုပ်နှင့်ခဲတံများ ဆုချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)