အထက်မင်းလှ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေပါအချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေဆိုင်ရာ အကြောင်းအရာများအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့ဝင်မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်မြတ်နိုးလွင်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေပါ အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိစေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)