ပန်းတောင်းမြို့နယ်၌ လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းစေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့မှဦးဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာဝင်းထွန်းနှင့်ဝန်ထမ်းများ၊ ​မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမိုးအကာများ အားဖြည့်ပြင်ဆင်ရန်လိုအပ်သော မြို့ပေါ်ရပ်ကွက် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အိမ်​ခြေ (၈၀) အား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ထရံနှင့် သွပ်နန်းကြိုးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များ ဖြစ်စေရေးအတွက် နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

လပြည့်လင်း(ပြန်/ဆက်)