ပဲခူးမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းကို အားကစားနည်း (၁၁) မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးမည်

ပဲခူး ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ  နွေရာသီအခြေခံအားက စားသင်တန်းများကို မတ်လ () ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ အားကစားနည်း (၁၁) မျိုးဖြင့်  ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။

ဖွင့်လှစ်သင်ကြားမည့် အားကစားနည်းများမှာ ဟော်ကီ၊ ဘောလုံး၊ အေရိုးဗစ် (Fitness Dance)၊ ကရာတေး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ ဖူဆယ်၊ တင်းနစ်၊ ကြက်တောင် စသည့်အားကစားများဖြစ်ပြီး တိုင်းဒေသကြီးအားကစားခန်းမနေရာ၌ အေရိုးဗစ် (Fitness Dance)၊ ကရာတေး၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ခရိုင်အားကစားကွင်း၌ ဟော်ကီနှင့် ပြေးခုန်ပစ်၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဘောလုံး၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ခန်းမ၌ စားပွဲတင်တင်းနစ်၊ အ.ထ.က (စာလေးကွင်း) ကျောင်း၌ မြန်မာ့သိုင်း၊ ဖူဆယ်အားကစားကွင်း (ဟင်္သာကုန်း) ဖူဆယ်၊  ဟင်္သာတင်းနစ်ကွင်း၌ တင်းနစ်၊ စသည့် အားကစားနည်းများကို သတ်မှတ်ထားရှိသည့် နေရာအသီးသီးတွင် သင်တန်းအချိန်အတိုင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)