ပြည်မြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်သတိ‌ပေးနှိုး‌ဆော်

ပြည် ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် မီးလောင်မှုများ မဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်စိမ်များ မဆုံးရှုံးစေ‌ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုး ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ည ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်သတိ‌ပေးနှိုး‌ဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် နွေရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာပြည်သူများအား ဖယောင်းတိုင်မီးနှင့် မီးကြွင်းမီးကျန်များမှတစ်ဆင့် ပေါ့ဆမီးများမဖြစ်ပေါ်ရေး၊ မီးဖိုများတွင် မီးကြွင်းမီးကျန်များ မရှိ‌စေ‌ရေးနှင့် လျှပ်စစ်သုံးလူသုံးကုန်ပစ္စည်းများမှ လျှပ်စစ်ဝါယာလျှော့များ မဖြစ်စေရေး၊ သောက်သုံးရေသိုလှောင်ထားရှိမှုအပါအဝင် မီးသတ်ဆေးဘူး၊ မီးချိတ်/မီးကတ်နှင့် မီးဘေးကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျ အသင့်ထားရှိရေးနှင့် မီးလောင်မှုဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရေးတို့ကို လှည့်လည်ဆော်ဩခဲ့ကြောင်းနှင့် ပြည်သူတစ်ဦးချင်းစီတိုင်း နေ့ညမရွေး မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိ အစဉ်အမြဲရှိ‌နေစေရေးအတွက် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် ညစဉ်မီးဘေးလုံခြုံရေး လှည့်လည်သတိပေးနှိုးဆော်ခြင်း ဆောင်ရွက်မည်ဖြစ်‌ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

ကိုဆက် (ပြန်/ဆက်)