တောင်ငူ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေး ဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြေးခုန်ပစ်(ကျား၊မ)၊ ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ စားပွဲတင် တင်းနစ် (ကျား၊မ)၊ လွန်ဆွဲ (ကျား၊မ)နှင့် ဘောလုံးအားကစား (ကျား၊မ) ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် အားကစားကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တောင်ငူပညာရေးဒီဂရီကောလိပ်မှ အနော်ရထာအသင်းနှင့်ဗန္ဓုလအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး အနော်ရထာအသင်း (၄)ဂိုး၊ ဗန္ဓုလအသင်း (၁) ဂိုးဖြင့် အနော်ရထာအသင်းဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့သည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ တောင်ငူခရိုင်အားကစားကွင်း၌ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းကောင်စီအသင်း (၅) သင်း ပါဝင်ယှဥ်ပြိုင်ကစားခဲ့ပြီး တတိယလုပွဲကို ယမန်နေ့ နံနက်ပိုင်းက ယှဥ်ပြိုင်ကစားခဲ့ရာ ဘုရင့်နောင်အသင်း(၃)ဂိုး၊ အလောင်းဘုရား(၂)ဂိုးဖြင့် ဘုရင့်နောင်အသင်း တတိယဆုရရှိခဲ့ပြီး ကျန်စစ်သားအသင်းမှာ အုပ်စုပွဲစဥ်တွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)