စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် တန်းခွဲများအလိုက် အကပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် တန်းခွဲများအလိုက် အကပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အက၊ အလှနှင့် တန်းခွဲအလိုက် ပုံဖော်ကပြယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသည့် တန်းခွဲအလိုက်အကအဖွဲ့များအားလည်းကောင်း၊ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ကိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်၊ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မေမြတ်ခိုင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်အနေဖြင့် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောလုံး၊ ဘောလီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ ပေးခုန်ပစ်(ကျား၊ မ)၊ အမြင့် ခုန်၊ အလျားခုန်(ကျား၊ မ)၊ သံလုံးပစ်၊ သံပြားပစ်(ကျား၊ မ)နှင့် အပြေးပြိုင်ပွဲ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ဆက်)