ကံမ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ (၄) နာရီက ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဆုရ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အမှာစကားပြောကြားခဲ့ပြီး ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုန်းရိုက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ မုန့်စားပြိုင်ပွဲ အစရှိသည့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)