ဖောင်းပြင်မြို့၌ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲမျာကျင်ပ‌

ဖောင်းပြင်း ဖေဖော်ဝါရီ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးလူထုအခြေပြု ဗဟိုဌာနတွင် ဖေဖော်ဝါရီလ ၁၁ နာရီအချိန်က (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံး၊မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်ကပြည်‌ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စု မပြိုကွဲရေးအတွက်ပြည် ထောင်စု စိတ်ဓာတ်ထာ၀စဉ်ရှင်သန်နေစေရန် ထိန်းသိမ်းရန်လိုကြောင်း‌ ဟောပြောကာ အလယ်တန်းအဆင့်စိတ်ကြိုက် ပန်းချီးဆွဲပြိုင်ပွဲကျင်းပပြု လုပ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၄၀) ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့်ကျောင်းသား/ ကျောင်းသူများ အားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့ နယ်ရုံးကခင်းကျင်း ပြသထားသည့်စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများကို ကျောင်းသား/ ကျောင်းသူများက စိတ်၀င်တစားကြည့်ရှူ့ခဲကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)