နတ်မောက် ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နတ်မောက်မြို့နယ် မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ကြီးကြပ်ပြီး မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူလေးများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများ၏ မိဘပြည်သူများမှ ကလေးငယ်များအား မုန့်များဝေငှားပေးခဲ့သည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲများသို့ နတ်မောက်မြို့နယ် မူလတန်းကြိုကျောင်းရှိ ဆရာ/မများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် မိဘပြည်သူများ စုံညီစွာတက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း