မြို့သစ် ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွက်သစ်ရပ်ကွက်ရှိ သောက်သုံးရေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံများ၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးပြောကြားရာတွင် သောက်သုံးရေထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စက်ရုံများ၌ သောက်သုံးသူနှင့်ပတ်သက်သည့် အကြောင်းအရာ၊ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ၏ ပြောပြချက်အရ သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)