နတ်မောက်မြို့၌ ဆုတောင်းပြည့်ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူ

နတ်မောက် ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဆုတောင်းပြည့်ဘုရားကြီးအား ဌာနဆိုင်ရာများစုပေါင်း၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ဘုရားကြီးဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရွှေသင်္ကန်းကပ်လှူပူဇော်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဆုတောင်းပြည့်ဘုရားကြီးဂေါပကမှ ရွှေသင်္ကန်းကို (၁၀)နှစ်(၁)ကြိမ်ကပ်လှူပူဇော်မှုအခြေအနေနှင့် ဘုရားကြီးသမိုင်းအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်းသော အလှူငွေတစ်ဆယ်သိန်းခြောက်သောင်းကျပ်ကို ဘုရားကြီးဂေါပကထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက လှူဒါန်းခဲ့သည်။ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို (၄၂)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများက ပန်း၊ ဆီမီး၊ ထမနဲဆွမ်းများ လာရောက်ကပ်လှူကြကြောင်း သိရသည်။

လှဝင်း