ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

ညောင်လေးပင် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ညောင်လေးပင်မြို့ ထူပါရုံဘုန်းကြီးကျောင်းအတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးငြိမ်းမောင်မောင်က တကိုယ်ရည်နှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာများကို ဟောပြောပေးခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် ၀န်ထမ်းများက သံဃာတော်များအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)