(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဥာဏ်စွမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

ဒဂုံတောင် ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဥာဏ်စွမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရာ နိုင်ငံတော်၏နေ့ထူးနေ့မြတ်များနှင့် မြို့နယ်အတွင်းရှိ အထင်ကရများကို မဲနှိုက်၍ ယှဉ်ပြိုင်ဖြေဆိုကြကာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဒုတိယဦးစီးမှူး  ဒေါ်သန်းသန်းအေးက  အမှတ်တရလက်ဆောင်များ  အသီးသီးပေးအပ်ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဒဂုံတောင်(ပြန်/ဆက်)