အုတ်တွင်းမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉) နာရီအချိန်က အခြေခံပညာအထက်တန်း(ဗောဓိကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောရာတွင် အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းဦးက သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးရဲနောင်သွင်က မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဥ်ဖြင့်လည်း‌ကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲသို့ ​အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၁၅) ဦး တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)