တောင်ငူ ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ပြည်ထောင်စုကို ကာကွယ်ရန်နှင့် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို ဆွေးနွေးဟောပြောသည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ မူလွန်တောင်ကွေ့စျေးမှ ကျောင်းသား/ကျောင်းသူ (၁၂)ဦးတို့က ယှဥ်ပြိုင်ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု (၂)ရရှိသူများအား ဆုများအသီးသီးပေးအပ်ပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)