ပြင်စလူ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကလေးငယ်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာ၌ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြော သေကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်စေရန်အတွက် ကလေးများနှင့်မိခင်များအား အလှည့်ကျစနစ်ဖြင့် ဆေးထိုး၊ ဆေးတိုက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဖြိုးသူ(ပြန်/ဆက်)