ဟင်္သာတ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၁၃ရက်နေ့နံနက် ၉ နာရီ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်က ယခုလိုမိမိတို့ခရိုင်အတွင်းမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်များကို စုစုရုံးရုံးနဲ့တွေ့ရှိရတဲ့အတွက်များစွာ ဂုဏ်ယူမိပါကြောင်းနှင့် မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်များဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူတကွ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များက ပိုမိုပူးပါင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုလိုရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊သင်တန်း ကာလအတွင်း နည်းပြဆရာများ၏ စာတွေ့လက်တွေ့လေ့ကျင့်ခန်းများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ ရပ်ရွာပြည်သူလူထု၏ အားကိုးယုံကြည် တန်ဖိုးထားလောက်သော အဖိုးတန်ရှာဖွေကယ်ဆယ်ရေး သမားကောင်းများဖြစ်အောင် ကျိုးစားကြစေလိုကြောင်းစသည်ဖြင့် သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာကြသူများက ခရိုင်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့်မီးငြိမ်းသတ်ရေးပစ္စည်းများကို လေ့လာကြည့်ရူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာမှ ခရိုင်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ စုစုပေါင်းအင်အား (၇၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား ဇန်နဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ၁လကြာ ကြံခင်း၊မြန်အောင်၊အင်္ဂပူ၊ဟင်္သါတ၊ဇလွန်၊လေးမျက်နှာမြို့နယ်များမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမူရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား (၅၀) ဦးဖြင့် စာတွေ့/ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟင်္သာတ
ခရိုင် (ပြန်/ဆက်)