ညောင်လေးပင် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းအဆင့် Grade-9 သင်ယူမှု အရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (ခွဲ) ညောင်လေးပင်ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသည်၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 အား အ.ထ.က(၁) ညောင်လေးပင်ကျောင်း၌ နည်းပြဆရာ/ဆရာမ (၂၆) ဦးတို့က မူလတန်းပြအဆင့် ဆရာ/ဆရာမ (၃၉၄)ဦးတို့အားလည်းကောင်း၊ အလယ်တန်းအဆင့် Grade-9 အား အ.ထ.က(ခွဲ) ညောင်လေးပင်ကျောင်း၌ နည်းပြဆရာ/ဆရာမ( ၁၉) ဦးတို့က အလယ်တန်းဆင့် ဆရာ/ဆရာမ (၂၅၆) ဦးတို့အား ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ရက်ကြာ အသီးသီးဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ ဆက်)