သရက် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါ အရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံမူလတန်းကျောင်း မီးသွေးဖုတ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ အရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစီမံချက်ပါ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ချောင်းဆိုးနေတာ (၂) ပတ်ကျော်ကြာနေပြီလာ၊ ချောင်းဆိုးရင် သွေး၊ သလိပ် ပါနေသလား၊ တငွေ့ငွေ့ဖျားပြီး ညဘက် ချွေးအလွန်ထွက်နေပါသလား၊ အစာစာချင်စိတ်မရှိဖြစ်နေပါသလား၊ ကိုယ်အေလေးချိန် လျော့ကျသွား ပါသလဲ၊ ကျော (သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်းဂျိုင်း(သို့)ပေါင်ခြံမှာ အကျိတ်ထွက်နေပါသလား စသည်တို့ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)