ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ပင်းတယ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်တယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ရတနာသီရိခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ကျောင်းသူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ပညာရေးဝန်ကြီးဌာန သည် အခြေခံပညာကဏ္ဍတွင် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း ပုံမှန်သင်ကြားရေးအပြင် ရိုးရာယဉ်ကျေးမှု ထုံးတမ်းဆိုင်ရာ လုပ်ငန်းများကို နားလည်သိရှိပြီးပါဝင် ဆောင်ရွက်တတ်စေရန်၊ မိမိနှင့်မိမိပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ပြုပြင် နေထိုင်တတ်စေရန်၊ တစ်ကိုယ်ရေကျန်းမာရေးမှ ပတ်ဝန်းကျင်ကျန်းမာရေးအထိ တန်ဖိုးရှိ ကျင့်ကြံနေထိုင်တတ်စေရန် အစရှိသည့် အရည်အချင်းများနှင့် ပြည့်စုံသည့်နိုင်ငံသားများ ဖြစ်ထွန်းရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား ဘက်စုံပညာ ဖွံ့ဖြိုးသော စည်းကမ်းရှိသော၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော၊ နိုင်ငံတော်ကိုချစ်မြတ်နိုးသည့် နိုင်ငံသားကောင်းများဖြစ်အောင် ပျိုးထောင်ပေးကြစေလိုကြောင်း၊ ကျောင်းသားမိဘများ အနေဖြင့်လည်း ဆရာ/ဆရာမများနှင့်ပူးပေါင်းကာ သားသမီးများကျောင်းနေမြဲ၍ ကျန်းမာပျော်ရွှင်စေရေးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ရပ်ရွာလူ့အဖွဲ့ အစည်းများကလည်း ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအဖက်ဖက်မှတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်းနှင့် နိုင်ငံနှင့်လူမျိုးက အားကိုးအားထားပြုရသော နိုင်ငံသားကောင်းများပေါ်ထွန်းလာ ရေးဝိုင်းဝန်းကြိုးစားဆောင်ရွက်နိုင်ကြပါစေလိုကြောင်း” အစရှိသည်ဖြင့်ပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးသင် ဆရာ/ဆရာများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)