ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာ/လှပစေရေး ကျောက်ဆည်မြို့၏ ရန်ကုန်-မန္တလေးလမ်း မြို့ဝင်/မြို့ထွက် နေရာများနှင့် မြို့လယ်လမ်းမကြီးနေရာများရှိ ရွှေစေတီဘိုးဘွားရိပ်သာ၊ ကြက်မင်းတွန်မီးပွိုင့်၊ မြဝတီ ဘဏ်ရှေ့၊ ကမ္ဘောဇ ဘဏ်ရှေ့၊ ရွှေရတီမီးပွိုင့်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်၍ ကျောက်ဆည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ စုစုပေါင်းအင်အား (၆၀)ဦးဖြင့် မြို့ဝင်မြို့ထွက်နေရာမှစတင်ကာ ရန်ကုန်-မန္တလေးကားလမ်းမကြီးတစ်လျှောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်(၂)စီးဖြင့် လမ်းမကြီးတစ်လျှောက်ရေပက်ဖြန်းခြင်းများ၊ တံမြတ်စည်းလှဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)