ပခုက္ကူ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အစမ်း လေ့ကျင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြား/စီမံဌာနမှူးများနှင့်ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်ဦးဆောင်သော သဟာရအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်သို့ ကြွရောက်နေရာယူကြပြီး ခေတ္တပါမောက္ခချုပ်က ဘာသာရပ်အလိုက်စာမေးပွဲများကို ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့် ပေးအပ်သည်။
ပခုက္ကူတက္ကသိုလ်၊ ၂၀၂၄ခုနှစ်၊ အဝေးသင်သင်တန်း(တတိယအကြိမ်) ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ပွဲကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)