တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မော်လိုက်မြို့နယ်၊ ကလေးမြို့၊ မန္တလေးတိုင်းဒေကြီးအတွင်းရှိ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မကွေးတိုင်းဒေကြီးအတွင်းရှိ မြိုင်မြို့နယ်၊ ကံမမြို့နယ်၊  မင်းတုန်းမြို့၊ ပဲခူးတိုင်းဒေကြီးအတွင်းရှိ ကျောက်တံခါးမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ ကဝမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယုမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ရေကြည်မြို့နယ်၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တို့တွင် အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားများတွင် ရှေးဦစွာ နိုင်ငံတော်အလံအားလွှင့်တင်ပြီး တက်‌ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားများသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။