နေပြည်တော် ဇန်နဝါရီ ၅
၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ အလုံမြို့နယ်၊ လသာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်တို့တွင် အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားများတွင် ရှေးဦစွာ နိုင်ငံတော်အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။