ဝေါ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄-၁-၂၀၂၄)ရက်နေ့ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ အသက်တမျှအရေးကြီးသည့်လွတ်လပ်ရေးဆောင်းပါး၊ မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်းကဗျာ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာများအား ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)