(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ မြိတ်ခရိုင် လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပ

မြိတ် ဇန်နဝါရီ ၃

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ/ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအ‌ခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက နှစ်ပေါင်း (၁၂၄) နှစ်တိုင်အောင် ဆုံးရှုံးသွားခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အသက်သွေးချွေးပေါင်းများစွာ စတေးခံ၍ ပြန်လည်ရယူခဲ့မှုများနှင့်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောသည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို မြိတ်ခရိုင်ရုံး ဝန်းထမ်းများက ဝေငှပေးခဲ့ကြပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်း၊ ဆေးရောင်ခြယ်နှင့် စကားပုံ‌ဆက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/ သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲအား ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)