မောက်မယ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ စျေးတန်းအ.လ.က(ခွဲ)နှင့် မွေတော်အ.မ.ကကျောင်းများတွင် အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်ရုံးဝန်ထမ်းများက (၇၇)နှစ မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို အဆိုပါကျောင်းများသို့ ယနေ့နံနက် ၈ နာရီခွဲက သွားရောက် ဖြန့်ဝေခဲ့ကြသည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လွတ်လပ်ရေးရရှိလာပုံသမိုင်းကြောင်း အကြောင်းကိုဟောပြော၍ ဝန်ထမ်းများက “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အဆိုပါလက်ကမ်း စာစောင်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀−၁−၁၉၄၆ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၄−၁−၁၉၄၈ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄−၁−၂၀၂၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်း ကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)