ရွှေပြည်သာ ဇန်နဝါရီ ၃
ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်စေရန်၊ ညဏ်ရည်ညဏ်သွေးထက် မြတ်စေရန်နှင့် ဗလငါးတန်းနှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၈)နာရီက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးအေးမိုးကပြိုင်ပွဲများကျင်းပပေးခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ကာယ၊ ဉာဏ၊ အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အထက်တန်းဆင့်ကျပန်းစကားပြောပြိုင်ပွဲတွင် (၁၂)ဦး၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် (၇)ဦး၊ KGတန်းမှ မုန့်စားပြိုင်ပွဲတွင် (၃၂)ဦး၊ အင်္ကျီဝတ်ပြိုင်ပွဲတွင်(၃၄)ဦး၊ Grade-1မှ အာလူးကောက်ပြိုင်ပွဲတွင်(၂၃)ဦး၊ အိတ်စွပ်ပြိုင်ပွဲ တွင် (၃၃)ဦးတို့က အသီးသီးဝင်ရောက်ယှဥ်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)