ကျိုင်းတောင်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်သား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အမှတ် (၅) ရက်ကွက် အ.ထ.က(တုန်ဟုန်း) ကျောင်းရှေ့ ဂိတ်ပေါက်ဝ နေ့လယ်ကျောင်းဆင်းချိန်တွင် ကျိုင်းတောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီဌာနရှိ ဝန်ထမ်းများက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်အမှတ် လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများကို အဓိကထား ဖြန်ဝေပေးခဲ့ပါသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဉီးတည်ချက် (၅)ရပ်၊ “လွပ်လပ်ရေးကို ကာကွယ်ရမယ်၊ အေးအတူပူအမျှ၊ အသက်သမျှအရေးကြီးသည့် လွတ်လပ်ရေး” စသည့် ခေါင်းစဉ်များနှင့် သိရှိသင့်သည့် လွတ်လပ်ရေး၏ ဗဟုသုတရဖွယ်များ ထည့်သွင်းဖော်ပြထားသည်။ နောက်ဆုံးတွင် “မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်း”ကဗျာဖြင့် အဆုံးသက်ထားပြီး လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်များကို ပြည်သူတစ်ရပ်လုံး နားလည်းသဘောပေါက်စေရန် ရည်ရွယ်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ကိုကို(ပြန်/ဆက်)